Wednesday, December 17, 2014

ANDROID ဖုန်းဖြင့် facebook အကောင့်ဖွင့်နည်း



ဖုန်းဖြင့် facebook အကောင့်ဖွင့်ရန် 
ရှေးဦးစွာ G-mail အကောင့်လိုအပ်ပါတယ်။

G-Mail Account  ဖွင့်နည်း

၁။ G-mail အကောင့်ဖွင့်ရန် ဖုန်းမှာ G-mail apk ရှိရပါမယ်။ G-mail apk ဖွင့်ဝင်ပြီးလျင် ထို apk မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော existing နှင့် new မှ new ကို နှိပ်ပါ။ မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး စာအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။ (ဥပမာ new = create)







၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။





၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။


၎။ Security question ကို သင်ကြိုက်ရာရွေးပါ။ Answer တွင် ဖြေပါ။ Secondary email တွင် သင့်မှာရှိလျင် ထည့်ပါ။ မရှိလျင်လည်း ထားခဲ့ပါ။ Create ကို နှိပ်ပါ။ Google Term Service တွင် English ကိုရွေးပါ။ I agree, Next ကိုနှိပ်ပါ။ 
မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး စာအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။



၅။ ဖော်ပြထားသော စာလုံးများကို ရိုက်ထည့်ပါ။ Next ကိုနှိပ်ပါ။ ထို့နောက် Finish ကို နှိပ်ပါ။ Add a Google Account ပေါ်လာသည်တွင် Finish setup ကို နှိပ်ပါ။




သင် Gmail account တစ်ခုရသွားပါပြီ။



Refresh ဖြစ်စေရန် Menu> Setting> Account and sync ၀င်ပြီး sync လုပ်လိုက်လျင် သင့် Mail box ထဲသို့ Gmail Team မှ အသိအမှတ်ပြုသော Mail ၃ စောင် ရောက်လာပါမည်။






Gmail account ရပြီးလျင်
Facebook
account ဆက်လက်ဖွင့်နိုင်ပါပြီ။

 

FACEBOOK ACCOUNT  ဖွင့်နည်း 

၁။ Facebook အကောင့်ဖွင့်ရန် ဖုန်းမှာ Facebook app ရှိရပါမယ်။ Facebook app ဖွင့်ဝင်ပြီးလျင် အောက်ခြေနားမှ Sign Up for Facebook ကို နှိပ်ပါ။




၂။ First Name တွင် သင်အသုံးပြုမည့် ရှေ့ အမည်၊ Surname တွင် သင်အသုံးပြုမည့် နောက် အမည်၊ Email Address or Phone Number တွင် သင်၏ gmail address (............@gmail.com)၊ Gender တွင် ကျားဖြစ်လျင် Male, မ ဆိုလျင် Female ၊ Birthday တွင် သင့်မွေးနေ့၊ New Password တွင် သင့် Password (အနည်းဆုံး ၈ လုံး၊) တို့ကို ပြည့်စုံစွာ ဖြည့်ပေးရပါမည်။ ထို့နောက် အောက်ခြေမှ Sign Up ကို နှိပ်ပါ။



၃။ ထို့နောက် Profile information များကို ဖြည့်ပါ။ Save ကိုနှိပ်ပါ။ (
မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး စာအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။) Search for Friends တွင် သင်သိသော သူငယ်ချင်းကို ရိုက်နှိပ်ကာ ရှာနိုင်ပါသည်။ (သူ၏ gmail လိပ်စာသိလျင် ရိုက်ထည့်ပါက ပိုမြန်ပါသည်။) ထို့နောက် Search ကိုနှိပ်ပါ။ သူ၏ name ကျလာပါမည်။ Add ကို နှိပ်လိုက်ပါ။ ထို့နောက် Next ကို နှိပ်ပါ။



၎။ သင်၏ Profile picture အတွက် Add Photo ကိုနှိပ်ပါ။ ပုံ မထည့်လိုသေးလျင်လည်း ရပါသည်။ ထို့နောက် Next ကို နှိပ်ပါ။



၅။ Confirm Your Email သို့ ရောက်ရှိပါလိမ့်မည်။




Confirm Your Email ဆိုသည့် မြန်မာပြည် Facebook အသုံးပြုသူတွေ အကြောက်ဆုံး Confirm Code ဖြည့်ခြင်း လာပါပြီ။ စိတ်မပူပါနှင့်။ Confirm Code လုံးဝဖြည့်စရာမလို၊ ဖုန်းနံပါတ်ပေးစရာမလိုတဲ့ လျှို့ဝှက်နည်းလေးကို ပြောပြပါ့မယ်။ ဒီအတိုင်းလေးပဲ Menu ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ စောစောက လုပ်ခဲ့တဲ့ Gmail application လေးကို ဖွင့်လိုက်ပါ။ သင့်ရဲ့ Gmail inbox မှာ message ၅ စောင်ရောက်နေတာ သင် တွေ့ရပါလိမ့်မည်။ (မရောက်သေးလျင် စောင့်နေပါ။) Refresh လုပ်ပါ။ ဒီအချိန်မှာ Internet Connection ကောင်းနေဖို့တော့ လိုပါသည်။




 Three ways to get the most from Facebook mobile ဟူသော ခေါင်းစဉ်နှင့် ရောက်ရှိနေသော ၅ စောင်မြောက် mail ကို ဖွင့်လိုက်ပါ။ ထိုစာမျက်နှာ၏ ညာဘက်အခြမ်းတွင် *''Get Started''* ဟူသော အစိမ်းရောင် အကွက်ကလေးကို နှိပ်လိုက်ပါ။ ဒီနေရာမှာ (၄) စောင်မြောက် Mail လည်း ဖြစ်နေတတ်ပါသည်။ အဓိကက ခေါင်းစဉ်ကို ဖတ်ပါ။
(Three ways to get the most from Facebook mobile)

သင်၏ Facebook စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ 
(ဒီနေရာမှာလည်း မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး ပုံစံအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။) အသုံးပြုလိုသူအားလုံးအတွက် ရည်ရွယ်ပြီး ပုံစံမျိုးစုံနှင့် ဖော်ပြပေးလိုက်ပါသည်။
တချို့က ဖုန်းမှာ Browser များစွာနဲ့ သုံးပါသည်။ ဒီနေရာမှာ သင်တို့ အသုံးပြုလိုတဲ့ Browser ကို Always ဖြင့် ရွေးထားရပါမည်။ အဲဒါက ဘာဖြစ်နိုင်သလဲ ဆိုတော့ အဲဒီ မူလက FB ကိုရောက်သွားပြီး အရင် Log out လုပ်ခိုင်းပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ FB အတွက် Log in ၀င်ရပါမယ်ဆိုတဲ့ စာကျလာရင် သွားပြီ။ သင်ဆက်ဝင်ရင် ဖုန်းနံပါတ် တောင်းတော့မှာမို့ပါ။ ဒါကြောင့် ဂရုပြုစေချင်ပါတယ်။

  
သင် Facebook ကို Confirm Code ရိုက်ထည့်စရာမလိုဘဲ ဖြည့်ပြီးသား ဖြစ်သွားပါပြီ။


သင် Facebook ကို အလွယ်ကူဆုံးနှင့် အောင်မြင်စွာ ဖွင့်လှစ်ရရှိသွားပါပြီ။

   
             ညီလင်း(နည်းပညာ)
အဆင်ပြေကြပါစေ................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...